top of page
Search

သတင်းလောကမှသည် စာကြည့်တိုက်ဆီသို့

  • Writer: U Hlaing Win Htut
    U Hlaing Win Htut
  • Sep 7, 2019
  • 1 min read

ကိုယ်ကလည်း သတင်းလောကကို ချစ်တော့ သတင်းထောက်တွေဆို လိုက်အပ်...သူတို့ဆီကနေ သတင်းဖတ်...သူတို့အတွေ့အကြုံလေးတွေ ယူဖြစ်ခဲ့တယ်။

တစ်နေ့ ဘာရယ်မဟုတ်ဘူး. အရင်တုန်းက ကျွန်တော် လုပ်ခဲ့ဖူးတဲ့ ပြည်မြန်မာဂျာနယ်က သတင်းထောက်ညီလေးရဲ့ကောင်မလေး (စံတော်ချိန်သတင်းစာ)ကို အပ်လိုက်ရင်း

စာကြည့်တိုက်အကြောင်း ပြောလိုက်... သတင်းလောကလေးအကြောင်း ပြောလိုက်.... ငယ်ဘ၀တွေအကြောင်း ပြောလိုက်....

သူ့ချစ်သူ ကိုယ့်ချစ်သူအကြောင်း ပြောလိုက်နဲ့ ခင်မင်လာကြတာ။

သူမကလည်း သူတို့ငယ်ဘ၀ကလို တံခါးပိတ်ထားတဲ့စာကြည့်တိုက်တွေ မဖြစ်စေချင်ဘူးတဲ့...သူကိုယ်တိုင်ကလည်း တတ်နိင်သလောက် ၀ိုင်းဝန်းကူညီပေးတတ်တယ်။

အခုလည်း ကိုယ့်က ကလေးတွေ ကြိုက်မယ့်ထင်တဲ့စာအုပ်လေးတွေကို ပြလိုက်တာနဲ့ တစ်ခါတည်း တန်းပြီး လှူပေးလိုက်တယ်...


အခုလို တစ်အုပ်တလေမှ မရှိတဲ့ကြားကနေ စာအုပ်စာပေ ဖတ်မှ ကလေးတွေ ပိုမိုတိုးတက်လာမယ့်ဆိုတဲ့ အတွေးအခေါ်တွေ စုစည်းထားတဲ့သူတွေရဲ့ ကြိုးစားအားထုတ်ပေးမှုတွေကြောင့် ကျွန်တော်လည်း စာကြည့်တိုက် ၃ ခုမြောက်ကို လုပ်နိင်ပါတော့မယ်။


ကျွန်တော် လုပ်နိင်တယ်ဆိုတာထက် ဦးဆောင်ဆရာတော်အရှင်ထာဝရ(ခေတ္တ နော်ဝေး)၊ အားတက်သရောနဲ့ တာဝန်တွေ များစွာ ရှိတဲ့ကြားကနေ ဆရာဆရာမတွေက ကိုယ့်တပည့်လေးတွေ တိုးတက်စေချင်တဲ့စိတ်နဲ့ တာဝန်ယူကြတာတွေ၊ တကယ့်ကို စိတ်ရင်းစေတနာအမှန်နဲ့ကို အားဖြည့်ကူညီပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဒေသခံတွေနဲ့ ကျွန်တော် လုပ်ချင်တဲ့အရာတွေ မှန်သမျှ ပြောမနာ ဆိုမနာ ကြုံရင် ကြုံသလို ပြန် ပြန် ကစ်တတ်တဲ့သူငယ်ချင်း(ဟီး...လူငယ်ဆန်တာပါ) တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လုပ်နိင်ခဲ့တာပါ။


အားလုံးကို ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးမျိုးထက် ပိုတဲ့စကားလုံးမျိုး ရှိရင် ပြောချင်တာပါ...


ဆက်လက်ဖတ်ရှုပါရန် - https://bit.ly/2k2CPco

လေးစားစွာဖြင့် ယုံကြည်ရာ


 
 
 

Comments


© 2023 by Walkaway. Proudly created with Wix.com

  • Facebook Black Round
  • Twitter Black Round
bottom of page