စုံညီပွဲတော်အတွက် အကတိုက်ခြင်းကသည် ညီညွတ်ခြင်းဆီသို့
- U Hlaing Win Htut
- Feb 7, 2020
- 1 min read
ကျွန်တော်တို့ကလေးဘဝက အခုလို စုစည်းလုပ်ကိုင်ရတဲ့ရည်ရွယ်ချက်ကို မသိခဲ့၊ နားမလည်ခဲ့ဘူး။ အသက်က လေး ရလာတော့မှ ဒီလိုအများနဲ့ လုပ်တာဟာ ငါ့တို့ဟာ လှုမှုရေးဆက်ဆံရေးကို တိုးတက်စေရုံသာမက နိုင်ငံ အတွက်ပါ အကျိုးရှိလာနိုင်တာကို သိလာရတယ်။
အခုလို အင်တာနက်ကြီး ထွန်းကားနေတဲ့အချိန်ကလေးမှာတောင် သူတို့လေးတွေက ကျောင်းတွေ တက်လိုက်၊ စာကြည့်တိုက်လေးဆီ ပြေးလိုက်နဲ့ ငယ်ရွယ်ပြီး ဖြူစင်တဲ့အချိန်ကလေးတွေ ဖြတ်သန်းနေကြတယ်/
သူတို့တွေ ပျော်ရွှင်နေရင်ပဲ ကျွန်တော်တို့အလှူရှင်တွေ ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်။

Comments