
ငါ့ ကျောင်းသားဘဝတုန်းကဆို... စာအုပ်တစ်အုပ် ကုန်ခါနီးဆိုရင်.. လန့်နေရတယ်...
စာမေးပွဲဖြေခါနီးဆိုရင် မေးခွန်းကြေး သို့မဟုတ် စာမေးပွဲကြေး ပေးရတော့မယ်ဆိုရင်...
လကုန်ရင် ကျောင်းလခ ပေးရတော့မယ်ဆိုရင်...
ဆရာကန်တော့ကြေး ပေးရတော့မယ်ဆိုရင်...
အဲလိုအချိန်တွေတိုင်း ကြောက်ရွံ့နေမိတယ်....
တစ်ခါတလေ ကျောင်းတောင် ဆက်မတက်ချင်ဘူး
သူငယ်ချင်းတွေက ၀ိုင်းစိုက်ပေးကြတယ်...
မပြည့်မစုံတဲ့ကျောင်းသားဘဝ ဖြတ်သန်းရဖူးတော့
အခုလို ငါ့အရွယ်ရောက်လာတော့ မင်းတို့လေးတွေကို
ငါလို့ မဖြစ်စေချင်လို့ ငါတို့လို့ မဖြစ်စေချင်လို့
တူရာလူတွေ စုပြီး အခုလို လာပို့ပေးကြတာ...
ငါတို့လို့ မပြည်စုံဘဲ ကျောင်းတက်ရတာမျိုး ဖြစ်စေချင်ဘူး.
..
ငါတို့်လို တံခါးပိတ်ထားတဲ့စာကြည့်တိုက်အစား အချိန် မရွေး ဝင်ဖတ်လို့ ရတဲ့စာကြည့်တိုက်မျိုး ရှိနေပြီ
မင်းတို့လေးတွေကို ကူပေးမယ့်ဆရာဆရာမတွေလည်း ရှိလာပြီ။
ဘာမှမျှော်လင့်ပါဘူး... ငါတို့နေရာကို မင်းတို့လေးတွေ ရောက်လာရင်
ငါတို့လို လူတန်းစားလေးတွေ မပေါ်လာအောင် မင်းတို့အနာဂတ်တွေကို ပုံဖော်ပေးကြပါ...
လေးစားစွာဖြင့်
ယုံကြည်ရာ
Comments