ကျွန်တော်တို့ ကျောင်းနေဘက်သူငယ်ချင်းသုံးယောက် ပြန်ဆုံကြတဲ့အခါ ကိုယ်တွေ ဖြတ်သန်းခဲ့ကြတဲ့ ငယ်ဘဝအကြောင်းတွေ ပြောကြရင်း ငါတို့တတွေ ပညာရေးနဲ့ ပတ်သက်တဲ့ အသေးစားပရဟိတလေးတွေ လုပ်ကြမယ်လို့ တိုင်ပင်ရင်းနဲ့ စာရေးကိရိယာတွေ လှူခဲ့ကြတယ်။
အခန့်မသင့်ဘဲ ရေဘေးလုပ်ငန်းတွေလည်း ပါဝင် လုပ်ဆောင်လိုက်၊ HIV Centre ကို သွားလှူလိုက်တာ၊ စာကြည့်တိုက်တွေ တည်ထောင်လိုက်နဲ့ လုပ်လာကြတာ လေးနှစ်တာ ကျော်လာကြပြီ။
ဒီလို ဖြတ်သန်းနိုင်ခဲ့တာက ကျွန်တော်တို့လုပ်ဆောင်နိုင်တာထက် မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ကောင်းတဲ့ပင်ကိုယ်စိတ် ကောင်းမွန်မှုတွေ ကြောင့်သာ ဆောင်ရွက်နိုင်ခဲ့တာပါ။
ကိုယ့်သူငယ်ချင်းတစ်ယောက်ဆီကနေ သူ့သူငယ်ချင်းတစ်ယောက်ဆီဆိုတဲ့ မူလေးအတိုင်း ဖြည်းဖြည်းချင်း လုပ်ဆောင်ကြတယ်။ အခုလည်း ကိုယ့်စာကြည့်တိုက် အသစ် လုပ်မယ့်လို့ ရည်ရွယ်တိုင်း ပါဝင်ကူညီပေးတဲ့ ညီမဇွန်မီမီရဲ့သူငယ်ချင်းအစ်ကိုအောင်သူရဆီကနေ စိမ်းနေဦးမည့်ကျွန်တော်မြေ(တက္ကသိုလ်ဘုန်းနိုင်)၊ ချစ်သမီးသို့(သိန်းလွင်ဦး)၊ လောကပုစ္ဆာကြီးတွေကို အဖြေ ညှိကြည့်ခြင်း (နိုင်သစ် _ မြန်မာပြန်သည်)၊ သမုဒယနှင်းဆီပြာကဗျာပေါင်းချုပ် (မောင်စိန်ဝင်း -ပုတီးကုန်း)၊ စွန့်ခွာရသည့် နွေညများ (တက္ကသိုလ်ဘုန်းနိုင်)၊ သောကခြေရာရတနာကဗျာများ (မောင်စိန်ဝင်း ပုတီးကုန်း)၊ စုံထောက်ဦးစံရှား ပေါင်းချုပ် (ရွှေဥဒေါင်း)စတဲ့ စာအုပ်တွေ ထပ်ရရှိလာပါတယ်။
ဒါအပြင် အင်းတော်ကြီးက ညီမငယ်သိင်္ဂီဆိုရင် ညီမလေးရေ ကိုကြီး စာအုပ်လေးတွေ လိုတယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်ကို ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားတယ်ဆိုပြီး အမြဲဆူတယ်။ ပြီးရင် ကိုကြီး ညီမလေး သုံးသောင်း ထည့်မယ်ဆိုပြီး အသာလေး လှူပေးတယ်။
ဘာပဲပြောပြော အခုဆို အများကောင်းမှုကြောင့် အခုဆို စာကြည့်တိုက် ၃ခု မြောက် ဖြစ်လာပါပြီ။ နောက်ဆုံးတော့လည်း ကျောင်းစာကြည့်တိုက် ၅ခု လုပ်နိုင်မယ်ဆိုတဲ့ စိန်ခေါ်မှုကို ထက်ဝက်ကျိုး ဖြတ်သန်းနိုင်ပါပြီ။
လေးစားစွာဖြင့် #ငြိမ်းချမ်းရေးစာကြည့်တိုက် #ယုံကြည်ရာ
Comments